နေပြည်တော်   ၁၅    နိုဝင်ဘာ 
လဲချားမြို့နယ်၊ လဲချားမြို့မရဲစခန်းမှ ဒုရဲအုပ် အောင်မင်းဦးစီး ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၄ ရက်က ပန်ဆနန်းကျေးရွာ၏ အရှေ့မြောက်ဘက် ၄ ဖာလုံခန့်အကွာ၌ အမြင့် ၆ လက်မ ခန့်ရှိ ဘိန်းပင်ပေါက် ဘိန်းခင်းစုစုပေါင်း ၁၀ ဧကခန့်အား ဖျက်ဆီးခဲ့သည်။
အလားတူ လွိုင်လင်မြို့နယ်၊ နောင်ဟင်းကျေးရွာ၏ အရှေ့ဘက် ၁ မိုင်ခန့်အကွာ၌ အမြင့် ၂ ပေခွဲခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ၂ ဧကခန့်၊ ပန်လင်းကျေးရွာ၏ မြောက်ဘက် မီတာ ၅၀ ခန့်အကွာ၌ အမြင့် ၁ ပေခွဲခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ၄ ဧကခန့်နှင့် မိုင်းကိုင်မြို့နယ်၊ နမ့်မော် ပျဉ်ကျေးရွာ၏ အရှေ့ဘက် ၄ ဖာလုံခန့်အကွာ၌ အမြင့် ၆ လက်မခန့်ရှိ ဘိန်းပင်ပေါက် ၁ ဧက ခန့်တို့အား သက်ဆိုင်ရာရဲတပ်ဖွဲ့များက ဖျက်ဆီးခဲ့ကြောင်း သိရသည်။
(ရဲပြန်ကြား)

 

mdn