လဲချား ၁၇ ဇူလိုင် 


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် မြို့နယ်အဆင့်သဘာဝ ဘေးအန္တရာယ် လျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ် ချုပ်ရေးမှူး ဦးသန်းနိုင် က အဖွင့်အမှာစကားပြောကြားပြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကြောင်းအရာများ၊ ဆောင်ရန်/ရှောင်ရန် အချက်အလက်များကို ကဏ္ဍအလိုက် Projector ဖြင့်ရှင်းလင်းဆွေးခဲ့သည်။ 


ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာ စာ/ရေး များက သိရှိလိုသည်များကို မေးမြန်းကြရာ၊ ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်က ပြည့်စုံစွာဖြေကြား ရှင်းလင်းခဲ့ကြောင်း မြို့နယ်(ပြန်/ဆက်)မှ သိရှိရသည်။


MDN