လဲချား အောက်တိုဘာ ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယနေ့ နံနက် ၁၀ နာရီတွင် နမ့်တုတ်ကျေးရွာရှိ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် “ပြည်သူ့ဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုးနှင့် ဝန်ထမ်းများက နမ့်တုတ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် မပြုလုပ်ရသေးသူ အသက်(၁၈)နှစ်ပြည့်သူ (၈၀)ဦးအား ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဓာတ်ပုံရိုက်ကူးခနှင့် သွေးစစ်ဆေးခ)တို့ကို နိုင်ငံတော်မှကျခံပေးခြင်းဖြစ်ပြီး လဲချားမြို့နယ်အတွင်း အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုး၏ ပြောကြားချက်အရ သိရသည်။
လွှမ်းသူနောင် (လဲချား)