လဲချား ၇ ဧပြီ
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံး ရှေ့ရှိ မြေစိုက်နံရံကပ်ဘုတ်တွင် ပြည်သူများ အသိပညာ ရရှိစေရေးအတွက် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး စာစောင်များ ပြသထားလျက်ရှိသည်။
အဆိုပါနံရံကပ်ဘုတ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ စတင်ဖြစ်ပေါ်လာပုံနှင့် ရောဂါဖြစ်ပွားမှုကို ကာကွယ်သည့် နည်းလမ်းများ၊ တစ်ကိုယ်ရည် သန့်ရှင်းစွာ နေထိုင်ရေး၊ လူများသော နေရာများ သွားရောက်ပါက ဆောင်ရန်/ရှောင်ရန် နည်းလမ်းများ၊ နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်အသုံးပြုခြင်း၊ မှန်ကန်ထိရောက်သည့် လက်ဆေးခြင်းနည်းစနစ်များ စသည်တို့ကို ပြသထားလျက်ရှိပြီး ပြည်သူများက စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာကြသည်။
မြို့နယ် (ပြန်/ဆက်)


