လဲချား အောက်တိုဘာ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အောက်တိုဘာ ၇ ရက် နံနက်ပိုင်းက ပုံတိုက်ကျေးရွာအုပ်စုတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုးနှင့် ဝန်ထမ်းများက ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် မပြုလုပ်ရသေးသူ အသက် ၁၈ နှစ်ပြည့် ကတ် ၃၀ အား နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့သည်။
လွှမ်းသူနောင်(လဲချား)