လဲချား အောက်တိုဘာ ၂၈

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်၌ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများအတွင်းရှိ ပြည်သူများ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို  မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးရုံးမှ ဒု-လဝကမှူး ဦးစိုင်းအောင်ထက်နောင်နှင့် ဝန်ထမ်းများက အောက်တိုဘာ ၂၇ ရက် မွန်းလွဲ ၁ နာရီက နောင်ကော့ကျေးရွာအုပ်စု၊ ဝမ်ပုတ်ကျေးရွာ ထမ်ခမ်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

 

ထိုသို့ဆောင်ရွက်ပေးရာတွင် နောင်ကော့ကျေးရွာအုပ်စုအတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း (၄) ခု၊ နိုင်ငံသားစိစစ်ရေးကတ် မရှိသူ အမျိုးသား (၁၁) ဦး၊ အမျိုးသမီး (၁၈) ဦး စုစုပေါင်း (၂၉) ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

 

လွှမ်းသူနောင် (လဲချား)