လဲချား ၁၁ ဧပြီ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အတွင်း ပုံမှန်ဝင်ငွေ မရှိသေးသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်မှ ထောက်ပံ့ပေးသော စားသောက်ကုန်(၅)မျိုးကို ရပ်ကွက်နှင့် ကျေးရွာအုပ်စု အိမ်ထောင်စု စာရင်းများအလိုက် ဧပြီ ၁၀ ရက်နေ့ မှစတင်၍ ထောက်ပံ့မှုများ စတင်ထုတ်ပေးလျက်ရှိသည်။
ထိုသို့ထောက်ပံ့မှုများ ဖြန့်ဖြူးရာတွင် ပြည်သူ့လွတ်တော် ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၃) ခုတွင်ရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ၈၉၉ အိမ်ထောင်စုတို့အတွက် တစ်အိမ်ထောင်လျှင် ဆန်(၈)ပြည်၊ ဆား (၅၀)ကျပ်သား၊ ဆီ(၅၀)ကျပ်သား၊ ကြက်သွန်နီ(၁)ပိဿာ၊ ပဲ(၁)ပိဿာ စသည့်အခြေခံစားသောက် ကုန်(၅)မျိုးကိုတို့ ဧပြီ ၁၀ ရက်မှ စတင်၍ အိမ်တိုင်ရာရောက် အခမဲ့ဖြန့်ဖြူးလျက်ရှိကြောင်း သိရှိရသည်။
(မြို့နယ်ပြန်/ဆက်)


