လဲချား၊ ၃ ဇန်နဝါရီ
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်ရှိ ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးရေးလုပ်ငန်းအတွက် ဓာတ်မြေဩဇာနှင့် မျိုးစေ့ထောက်ပံ့ပေးအပ်ပွဲကို ဇန်နဝါရီ ၃ ရက် မွန်းလွဲပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ညွှန်ကြားရေးမှူး ဦးတင်ဦးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ဦးစီးမှူး ဦးစိုင်းသန်းစိန်မှ ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးရေးလုပ်ငန်းအတွက် ဓာတ်မြေဩဇာနှင့် မျိုးစေ့ထောက်ပံ့ရခြင်းကို တောင်သူများအား ရှင်းလင်းပြောကြားခဲ့သည်။
ထောက်ပံ့ပေးအပ်ရာတွင် လဲချားမြို့နယ်တွင်းမှ ကျေးရွာအုပ်စု (၁)အုပ်စုလျှင် ကွန်ပေါင်း (၅)အိတ်၊ ပုလဲ (၅)အိတ်၊ ပဲပုပ်(၃၀)ပိဿာ၊ နေကြာ (၂၄)ကီလိုတို့အား ကျေးရွာအုပ်စု (၄)အုပ်စုအတွက် အခမဲ့ထောက်ပံ့ပေးခဲ့သည်။
လွှမ်းသူနောင် (ပြန်/ဆက်)


