mdn

လဲချား   အောက်တိုဘာ   ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်ရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား ကျောင်းသူများအား အောက်တိုဘာ ၁၇ ရက် နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်း၌ ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinovac)များကို ပထမအကြိမ်အဖြစ် ထိုးနှံပေးခဲ့သည်။

လဲချားမြို့နယ်အနေဖြင့် အခြေခံပညာကျောင်းများမှ အသက် (၁၂)နှစ်အထက် ကျောင်းသား ကျောင်းသူပေါင်း ၂၅၄ ဦးအား သတ်မှတ်ရက်အလိုက် ဆေးထိုးစုရပ် သုံးနေရာတို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လွှမ်းသူနောင်(လဲချား)