လဲချား၊ ၁၄  ဇွန် 

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် သစ်တောပြုန်းတီးမှု ကာကွယ်ထိန်းသိမ်းရန်နှင့် ပတ်ဝန်းကျင်သာယာလှပ စိမ်းလန်းစိုပြည်စေရန် မိုးရာသီသစ်ပင်စိုက်ပွဲတော် အခမ်းအနားကို  ယနေ့နံနက် (၈)နာရီခွဲက အခြေခံပညာအထက်တန်းကျောင်းခွဲ (နောင်မိန်း) ကျောင်းတွင် သစ်ပင်ပျိုးပင်များ စိုက်ပျိုးခဲ့သည်။

 

အဆိုပါ သစ်ပင်စိုက်ပွဲတော်အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် သစ်တောဦးစီးဌာနတို့မှ ပူးပေါင်း၍ ခါတော်မီ (ဝက်သစ်ချ)ပင် (၅၀)၊ ရေသင်းဝင်ပင် (၅၀)၊ စိန်ပန်းနီ(၅၀)၊ စိန်ပန်းပြာ(၅၀)၊ချယ်ရီပင် (၅၀)  စုစုပေါင်း အပင် (၂၅၀) ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေနှင့်ဝန်ထမ်းများ၊ ခလရ(၆၄)မှ ဒုတိယဗိုလ်မှူးကြီး သန်းဇော်ဦးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာနေပြည်သူများ၊ ဆရာ၊ ဆရာမနှင့်ကျောင်းသား/သူများမှ စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

 

မြို့နယ် ပြန်/ဆက်