လဲချားမြို့နယ်တွင် ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး

လဲချား အောက်တိုဘာ  ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီး နိုင်ငံသားကတ် မရှိသူ ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ပေးခြင်းကို ယနေ့မွန်းလွဲ (၁)နာရီအချိန်က အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်းတွင် ပြုလုပ်ပေးခဲ့သည်။

ထိုသို့ပြုလုပ်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုးနှင့် ဝန်ထမ်းများ၊ ပညာရေးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီး နိုင်ငံသားကတ် မရှိသူ ကျောင်းသား/ကျောင်းသူ (၃၄)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။

လွှမ်းသူနောင် (လဲချား)