လဲချား ဩဂုတ် ၂၁

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန မြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု၊ လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ဆောင်ရွက်ပေးလျက်ရှိရာ ပန်ဆန်းကျေးရွာအုပ်စု နောင်လိုင်ကျေးရွာအတွင်းရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ဦးစီးမှူးရုံးတွင် ပေးအပ်ခဲ့သည်။

 

အဆိုပါလုပ်ငန်းများကို လဲချားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန မြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုးနှင့် ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေး ကတ်ပြား အသက် (၁၈) နှစ်ပြည့် မှတ်ပုံတင်ကတ် (၆၉) ခုကို ကျေးရွာနေပြည်သူများအား ပေးအပ်ခဲ့ကြောင်း သိရသည်။

 

လဲချားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် မေ ရက်ကစတင်၍ အခမဲ့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ထိ  နိုင်ငံသားစိစစ်ရေးကတ် (၇၀၅) ခုကို ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

 

မြို့နယ် (ပြန်/ဆက်)