လဲချား  နိုဝင်ဘာ ၁၁

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ပြည်သူများ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှု  ရင့်သန်လာစေရန်၊ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက ရွေ့လျားစာကြည့်တိုက်ကွင်းဆင်း ဆောင်ရွက်ခဲ့​သည်။

 

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မြို့နယ်ဉီးစီးမှူး ဒေါ်ခင်လေးလေးယုနှင့် ဝန်ထမ်းများက သုတ၊ ရသစာအုပ်များကို မြို့နယ်စာရင်းစစ်ရုံး၊ မြို့နယ်သမဝါယမဦးစီးရုံးများသို့ ရွေ့လျားစာကြည့်တိုက်အဖြစ် ကွင်းဆင်းဆောင်ရွက်ပြီး စာအုပ်၊ စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

 

လွှမ်းသူနောင် (လဲချား)