လဲချား စက်တင်ဘာ ၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု၊ လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို စက်တင်ဘာ ၁ ရက်က အမှတ် (၇၅၈) ပြည်သူ့စစ်ဌာနေနှင့် အမှတ်(၁)ရပ်ကွက်တို့တွင် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါလုပ်ငန်းများကို ပန်းခင်းစီမံချက်ဖြင့် လဲချားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးသိန်းထူးအောင်၊ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုးနှင့် ဝန်ထမ်းများက အမှတ်(၇၅၈) ပြည်သူ့စစ်ဌာနေတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား (၄၀)ပြုလုပ်ပေးခြင်းနှင့် အမှတ်(၁)ရပ်ကွက်တွင် နိုင်ငံသားကတ် ဆောင်ရွက်မည့်သူများအား ပန်းခင်းပရဟိတလူငယ်များအဖွဲ့မှ စာရင်းကောက်ယူခြင်းကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လဲချားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် မေ ၃ ရက်က စတင်၍ အခမဲ့ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)


