လဲချား ၂၈ အောက်တိုဘာ
ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် အထူးရဲ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သင်တန်းဆင်း အခမ်းအနားတွင် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အေးနိုင်မှ သင်တန်းဆင်း အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသန်းနိုင်မှ သင်တန်းသားများအား ဆွေးနွေးပြောကြားခဲ့သည်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင် ပြည်သူများ လုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်ရန် အထူးရဲ (၃၆) ဦးအား သင်တန်းပို့ချပေးခြင်းဖြစ်သည်။ အဆိုပါ မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်မည့် အထူးရဲ (၃၆)ဦးကို အောက်တိုဘာ (၁)ရက်နေ့မှ စတင်ကာ အောက်တိုဘာ ၂၈ ရက်နေ့ထိ သင်တန်းပို့ချပေးခဲ့ကြောင်း သိရသည်။
လွှမ်းသူနောင် (ပြန်/ဆက်)


