လဲချား ဒီဇင်ဘာ  ၃၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် (၇၄)နှစ်မြောက် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက  မြို့နယ်အားကစားလေ့ကျင့်ရေးရုံတွင် ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမြင့်ဝေက အဖွင့်အမှာစကားပြောကြားကာ အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုကြသည်။ ထို့နောက် မြို့နယ် အုပ်ချုပ်ရေးမှူးမှ ပြိုင်ပွဲဝင်အသင်းများအား ပိုက်ကျော်ခြင်းလုံးများ လက်ဆောင်ပေးအပ်ခဲ့ပြီး ပြိုင်ပွဲဝင်အသင်း(၁၂)သင်းပါဝင် ယှဉ်ပြိုင်မည်ဖြစ်သည်။ 

အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကို ဒီဇင်ဘာ(၃၀)ရက်မှ ဒီဇင်ဘာ(၃၁)ရက်အထိ ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

လွှမ်းသူနောင် (လဲချား)