လဲချား၊ ၁၈ မေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုနှင့် နိုင်ငံသားစိစစ်ရေးကတ် မရှိသူများကို မြို့နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနတွင် မေ ၁၈ ရက် နံနက် ၁၀ နာရီက ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ အိမ်ထောင်စုနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးရာတွင် မြို့နယ် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုးနှင့် ဝန်ထမ်းများမှ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ အသက် (၁၀)နှစ်အထက် ပြည်သူများအား ဖေဖော်ဝါရီလမှ စတင်ကာ အိမ်ထောင်စု (၁၉၀)တွင် အသက် (၁၀)နှစ်ပြည့် (၂၉)ဦး၊ နိုင်ငံသားဥပဒေအရ (၁၂)ဦး၊ အသက် (၁၈)နှစ်အထက် (၅၄)ဦး၊ နိုင်ငံသားဥပဒေအရ (၅)ဦးတို့အား ဆောင်ရွက်ပေးပြီးဖြစ်သည်။

ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးမှုအနေဖြင့် မေ ၃ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ (၅၃၀)ဦး၊ အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ (၃၄၂၃)ဦးတို့အား စီမံချက်ပါ ကော်မတီ (၅)ဦးတို့မှ ကြီးကြပ်ပြီး ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး၏ ပြောပြချက်အရ သိရသည်။

မြို့နယ် (ပြန်/ဆက်)