လဲချား ၈ အောက်တိုဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် လဲချားမြို့နယ်၊ နောင်မိန်းအခြေခံပညာ အထက်တန်းကျောင်းခွဲ၊ ခန်းမ၌ ယနေ့ နေ့လယ် ၂ နာရီက အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ၊ လဲချားမြို့ နယ်ရုံးမှ ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲကျင်းပခဲ့သည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဥက္ကာက အမှာစကားပြောကြားပြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုးက နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ရာတွင် သတိပြုရှောင်ကြဉ်ရမည့် အချက်များအား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်ကလည်းကောင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဉက္ကာကလည်းကောင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်နှင့် တာဝန်ရှိသူများကလည်းကောင်း ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ အသီးသီးပေးအပ်ခဲ့ကြပြီး၊ နောင်မိန်းအ.ထ.ကခွဲမှ ကျောင်းအုပ် ဆရာကြီး ဦးချမ်းငြိမ်းအောင်က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ကေသီ(ပြန်/ဆက်)


