လဲချား ၁ အောက်တိုဘာ
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် အထူးရဲ (၃၆)ဦးအား သင်တန်းပို့ချပေးခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အေးနိုင်မှ သင်တန်းအဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ ဦးသန်းနိုင်မှ သင်တန်းသားများအား ဆွေးနွေးပြောကြားခဲ့သည်။၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင် ပြည်သူများ လုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်ရန် အထူးရဲ (၃၆)ဦးအား သင်တန်းပို့ချပေးခြင်းဖြစ်ပါသည်။အဆိုပါ မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်မည့် အထူးရဲ (၃၆)ဦးကို အောက်တိုဘာ ၁ ရက်နေ့မှ ၂၈ ရက်အထိ သင်တန်းပို့ချ ပေးမည်ဖြစ်ပြီး နိုဝင်ဘာ ၁၅ ရက်နေ့အထိ (၄၆) ရက် ခန့်အပ်တာဝန်ပေးမည်ဖြစ်ကြောင်းနှင့် အထွေထ ွေရွေးကောက်ပွဲ ကျင်းပပြီးစီးချိန်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ဝင်ရောက်တာဝန်ထမ်းဆောင်ရန် ဆန္ဒရှိပါက သတ်မှတ်စည်းကမ်းချက်များနှင့် ကိုက်ညီလျှင် လျှောက်ထားနိုင်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
လွှမ်းသူနောင် (ပြန်/ဆက်)