လဲချား  စက်တင်ဘာ ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးများအား ထောက်ပံံ့ငွေပေးအပ်ပွဲကို ယနေ့နံနက် (၁၀)နာရီက လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ငွေပေးအပ်ရာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လအတွက် မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းဝင်းမျိုးက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများထံသို့ ပေးအပ်ခဲ့သည်။ ထိုမှတစ်ဆင့် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးများသို့ ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပြီး  ရပ်ကွက်(၄)ရပ်ကွက်၊ကျေးရွာအုပ်စု (၁၉)အုပ်စုတို့မှ ကိုယ်ဝန်ဆောင်မိခင် (၄၈၅)ဦးနှင့် အသက်(၂)နှစ်အောက် ကလေးငယ် (၃၆၄)ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ် (၄၅၀၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

လွှမ်းသူနောင် (လဲချား)