လဲချား  ဇူလိုင်      ၁၄ 

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့မှု ကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက်  ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ အထူးကြပ်မတ် ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ကြီးကြပ်ဆောင်ရွက်ပြီး ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များမှ မြိုအဝင်ဂိတ်၊ မြို့ထွက် မတ်လန်းဂိတ်/ နောင်မိန်းဂိတ်တို့တွင် မြို့နယ်တွင်းဖြတ်သန်းသွားလာသော မိဘပြည်သူများနှင့် မော်တော်ယာဉ်များအား ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ခရီးသွားလာခြင်း လိုက်နာဆောင်ရွက်မှု ရှိ /မရှိ အခြေအနေများအား အသိပညာပေးခြင်း၊ စစ်ဆေးမှတ်တမ်းများ ရယူခြင်းလုပ်ငန်းများ၊မြို့နယ်အတွင်း အသိပညာပေးလှုံ့ဆော်ခြင်းများကို အထူးကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်