လဲချား ၁၃ ဇန်နဝါရီ

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် နောင်ပန်-ဝမ်ယိန်း/ပန်တန် ဆက်သွယ်ထားသည့်လမ်းသည် လမ်းအရှည် (၁၂/)မိုင်ရှိပြီး နယ်စပ်ဒေသနှင့် တိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဧရိယာဖြစ်သော (/)မိုင် မြေသားလမ်းဖောက်လုပ်ခြင်းအား ရှမ်းပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ရက်တွင် စတင်ဖောက်လုပ်လျက်ရှိရာ လုပ်ငန်းတစ်ခုလုံး၏ (၃၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ မြေသားလမ်းမှာ ကျေးလက်လမ်း ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဧရိယာ (/)မိုင်အပိုင်းမှ ကျောက်လမ်း (/)မိုင်၊ မြေလမ်း (/)မိုင် ဆောင်ရွက်ခဲ့ပြီးဖြစ်၍ ၎င်းလမ်းအား နောင်ပန်ကျေးရွာအုပ်စု နောင်ပန် - ဝမ်ပန် - ဟိုနား - ဝမ်မိုင် - နားကျိုင်းနှင့် ဝမ်ယိန်း/ပန်တန် ကျေးရွာအုပ်စု ဝမ်နောင် - ကောင်းခံနှင့် ပန်တန်ရွာ ဆက်သွယ်သည့် လမ်းဖြစ်သောကြောင့် ကျေးရွာအုပ်စု ()အုပ်စု၊ ကျေးရွာ (၁၁)ရွာ၊ အိမ်ခြေ (၆၅၂) လူဦးရေ (၃၁၃၉)ဦး အသုံးပြုလျက်ရှိသည်။

အဆိုပါ နောင်ပန်-ဝမ်ယိန်း/ပမ်တန် မြေသားလမ်း (/)မိုင် ဖောက်လုပ်ပြီးစီးသွားပါက ဝမ်ယိန်း၊ ပန်တန်၊ ဖန်လမ်းကျေးရွာအုပ်စုသည် အဆိုပါမြေသားလမ်းမှ လဲချား၊ လွိုင်လင်၊ ပင်လုံမြို့များသို့ တိုက်ရိုက်ဆက်သွယ် သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

လွှမ်းသူနောင် (ပြန်/ဆက်)