လဲချား  စက်တင်ဘာ ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိသော နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်( ၁၀)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေက အမှာစကားပြောကြားခဲ့ပြီး မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုးက ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားကာ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးသည့်နိုင်ငံသားစိစစ်ရေးကတ်ပြားကို နောင်ကော့ကျေးရွာအုပ်စု (၁၀)ကတ်၊ ဝမ်ဖိုင်ကျေးရွာအုပ်စု (၅၆)ကတ်၊ မြို့မကျေးရွာအုပ်စု(၃၃)ကတ်၊ ဟဲဆိုင်ကျေးရွာအုပ်စု(၂)ကတ်၊စုစုပေါင်း (၁၀၁)ကတ်ကို တာဝန်ရှိသူများက ပေးအပ်ခဲ့ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့ကြောင်း သိရသည်။

လွှမ်းသူနောင် (လဲချား)