လဲချား   ၂၀   မေ

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် မိုးရာသီ၌ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းများဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ယနေ့နံနက် ၈ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 

အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် လဲချားမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဌနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြပြီး ရပ်ကွက်၊ ကျေးရွာများအတွင်း အများပြည်သူ အသုံးပြုလျက်ရှိသော ရေတွင်း၊ ရေကန်များ နေအိမ်များရှိ ရေတွင်း၊ ရေကန်များကို ပိုးလောက်လန်းများ ရှိ/မရှိ စစ်ဆေးခြင်း၊ အဘိတ်ဆေးခတ်ပေးခြင်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်း (Mask) များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

 

(မြို့နယ် ပြန်/ဆက်)