Latest News

နောက်ဆုံးရသတင်းများ

ညနေပိုင်းရွေဈေး

စီးပွားရေး

02/07/24

၂၀၂၄ ခုနှစ်၊ ဇူလိုင်   ၂

ချောက်မြို့၌ မြစ်ရေ​ကြီးမှုအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်

ပြည်တွင်း

02/07/24

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ ရေဘေးကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်မှုကို ဇူလိုင် ၂ ရက် နံနက်ပိုင်းမှစတင်၍ ဧရာတီမြစ်ရေ ဝင်ရောက်နိုင်သည့် မြေနိမ့်ပိုင်းရပ်ကွက်များနှင့် ဧရာဝတီမြစ် ကမ်းဘေးတစ်လျှောက်ရှိ ရပ်ကွက်များသို့ လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြသည်။

ဖားကန့်မြို့နယ်၌ အနိမ့်ပိုင်ရပ်ကွက်များနှင့် ကျေးရွာများတွင် ရေများဝင်ရောက်လျက်ရှိ

ပြည်တွင်း

02/07/24

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်တွင် အထက်ဘက်မှ မိုးအဆက်မပြတ် ရွာသွန်းမှု‌ကြောင့် ဥရုချောင်းရေ မြင့်တက်လာပြီး အနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာများတွင် ဇူလိုင် ၁ ရက် ညနေပိုင်းမှစတင်ကာ ရေများဝင်ရောက်လျက် ရှိသည်။

(၁၀၂)နှစ်ပြည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ပွဲ မော်လမြိုင်မြို့၌ ကျင်းပ

ပြည်တွင်း

02/07/24

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၆ ရက်တွင် ကျရောက်မည့် (၁၀၂)နှစ်ပြည့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ပွဲကို ဇူလိုင် ၂ ရက် နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်သမဝါယမဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ်၊ ပြည်နယ်သမဝါယမ အသင်းစုချုပ်၊ မြို့နယ်သမဝါယမအသင်းစုမှ အမှုဆောင်များ၊ ထူးချွန်ဆုရရှိသည့် ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

အဖတ်များဆုံး သတင်း