Latest News
နောက်ဆုံးရသတင်းများ
နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း/ အသစ်လျှောက်ထားခြင်း၊ C of I လျှောက်ထားခြင်းကိစ္စများ နှင့် ပတ်သက်၍ လိမ်လည်သူများ ရှိနေကြောင်း မလေးရှိနိုင်ငံရှိ မြန်မာသံရုံးက အသိပေးပြီး လိမ်လည်သူများကို အရေးယူမည်ဟုဆို
29/05/24
ရန်ကုန် မေ ၂၉
နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း/ အသစ်လျှောက်ထားခြင်း၊ C of I လျှောက်ထားခြင်းကိစ္စများ နှင့် ပတ် သက်၍ Facebook နှင့် Tik Tok များ အသုံးပြုကာ လိမ်လည်သူများ ရှိနေကြောင်းကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးထားပြီး လိမ်လည်သူများကို အရေးယူမည်ဖြစ်ကြောင်းလည်း သံရုံးက ဆိုထားသည်။
ရေခဲတောင်ဂေဟစနစ်နှင့် သစ်တောများကို ထိန်းသိမ်းခြင်းဖြင့် ဧရာဝတီမြစ်ကြီး၏ ရေဝေရေလဲဒေသတစ်ခုလုံးကို ထိန်းသိမ်းရာရောက်စေမည်ဖြစ်
29/05/24
ကမ္ဘာကြီးပူနွေးလာမှုဖြင့် ရာသီဥတုပြောင်းလဲလာမှုဖြစ်စဉ်တို့ကြောင့် သဘာဝဘေးအန္တရာယ်များကို တစ်နှစ်ထက်တစ်နှစ် ရင်ဆိုင်လာရလျက်ရှိရာ ရေခဲတောင်များကို ပိုင်ဆိုင်ထားသည့် မြန်မာနိုင်ငံအနေဖြင့် ရာသီဥတု ထိန်းညှိမှုတွင် အရေးပါသော ရေခဲတောင်ဂေဟစနစ်နှင့် သစ်တောများကို ဝိုင်းဝန်းထိန်းသိမ်းခြင်းဖြင့် ဧရာဝတီမြစ်ကြီး၏ ရေဝေရေလဲဒေသတစ်ခုလုံးကို ထိန်သိမ်းရာရောက်စေမည်ဖြစ်ကြောင်း ခါကာဘိုရာဇီ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှုးရုံးမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်
29/05/24
(၂၀၂၄ ခုနှစ်၊ မေလ ၂၉ ရက်နေ့ ညနေ(၄:၀၀)နာရီအချိ
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်
29/05/24
(၂၀၂၄ ခုနှစ်၊ မေလ ၂၉ ရက်နေ့ မွန်းလွဲ(၂:၀၀)နာရ
ဒုတိယဝန်ကြီး ဦးမြင့်စိုး ပန်းတနော်မြို့နယ်၊ စံကျောင်းစံပြကျေးရွာ (Smart Village) စီမံကိန်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
29/05/24
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယမန်နေ့ နံနက်ပိုင်းက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့်အတူ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ လှော်ကထားကျေးရွာ ရောင်ခြည်ဦးစာကြည့်တိုက်တွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံသည်။
မြို့တော်သန့်ရှင်းသာယာလှပရေးနှင့် လမ်းများကောင်းမွန်ရေးလုပ်ငန်းများ ဒုတိယမြို့တော်ဝန် ဦးညီညီ ကွင်းဆင်းစစ်ဆေး
29/05/24
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်) ဦးညီညီသည် ကော်မတီဝင် ဦးအောင်နိုင်၊ ဌာနမှူးများနှင့်အတူ ယနေ့နံနက်ပိုင်းက ဗဟန်းမြို့နယ်၊ ရွှေနံ့သာရပ်ကွက်၊ ကြားတောရလမ်းနှင့် ရေတာရှည်လမ်းဟောင်းထောင့်သို့ သွားရောက်၍ ကြားတောရလမ်းရေမြောင်းနှင့် ရေတာရှည်လမ်းရေမြောင်းများအတွင်း ပိတ်ဆို့နုန်းအမှိုက်နှင့် မြောင်းချေးများ ဆယ်ယူရှင်းလင်းနေမှုကို ကြည့်ရှုစစ်ဆေးသည်။