Latest News

နောက်ဆုံးရသတင်းများ

စစ်တွေမြို့ပေါ်ရှိ သံဃာတော် အရှင်သူမြတ်များနှင့် သီလရှင် ဆရာကြီး၊ ဆရာလေးများအား ဆွမ်းဆန်တော်နှင့် အခြေခံစားကုန်များ ဆက်ကပ်လှူဒါန်း

ပြည်တွင်း

15/05/24

ရခိုင်ပြည်နယ် အစိုးရအဖွဲ့က စစ်တွေမြို့ပေါ်ရှိ သံဃာတော် အရှင်သူမြတ်များနှင့် သီလရှင် ဆရာကြီး၊ ဆရာလေးများအား ဆွမ်းဆန်တော်နှင့် အခြေခံစားကုန်များ ဆက်ကပ်လှူဒါန်းပွဲကို မေ ၁၅ ရက် နံနက်ပိုင်းက စစ်တွေမြို့၊ ရွှေစေတီဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက်၌ ကျင်းပရာ သံဃာတော် အရှင်သူမြတ်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

မြစ်ကြီးနားမြို့ မြန်မာနိုင်ငံ လီဆူဓမ္မကောလိပ်ကျောင်း၌ ယာယီတိမ်းရှောင်လာသော ပြည်သူများအား အခြေခံ စားသောက်ကုန်များ ထောက်ပံ့

ပြည်တွင်း

15/05/24

ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း လတ်တလော နယ်မြေမတည်ငြိမ်မှု ဖြစ်စဉ်ကြောင့် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာများမှ နေရပ်စွန့်ခွာ တိမ်းရှောင်လာသော ပြည်သူများအား နေထိုင်စားသောက်မှု အဆင်ပြေစေရေးနှင့် မိုးမကျမီ အမိုး/အကာဖြင့် လုံခြုံစွာ နေထိုင်နိုင်ရေး စီမံဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မေ ၁၄ ရက် ညနေပိုင်းက မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက်အတွင်းရှိ မြန်မာနိုင်ငံ လီဆူဓမ္မကောလိပ်ကျောင်း ဝတ်ပြုဆောင်၌ သွားရောက်တွေ့ဆုံ အားပေးသည်။

မွန်းလွဲပိုင်းရွှေဈေး

စီးပွားရေး

15/05/24

၂၀၂၄ ခုနှစ်၊ မေလ (၁၅) ရက်

အဖတ်များဆုံး သတင်း