Latest News
နောက်ဆုံးရသတင်းများ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ၂၀၂၄ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်
09/05/24
နေပြည်တော် မေ ၈
၂၀၂၄ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(ဘီ)ရုံ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်အမှာစကားပြောကြားသည်။
မြဝတီမြိုတွင် ချစ်ကြည်ရေး တံတား၂ စင်းပြန်လည်ဖွင့်လှစ်ပြီးနောက် ပုံမှန်အတိုင်း ကုန်သွယ်၊ သွားလာမှုများ စည်ကားအသက်ဝင်နေဟုဆို
09/05/24
ရန်ကုန် မေ ၈
မြဝတီမြိုတွင် ချစ်ကြည်ရေး တံတား၂စင်း ပြန်လည်ဖွင့်လှစ်ပြီးနောက် ပုံမှန်အတိုင်း ကုန်သွယ်၊ သွားလာမှုများ စည်ကားအသက်ဝင်နေပြီဖြစ်ကြောင်း ကုန်သည်များနှင့် ဒေသခံများထံ ဆက်သွယ်မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။
နေ့စဉ်ဘုရားဖူးဧည့်သည် (၁၀၀၀)ဝန်းကျင်ရှိသော တောင်ပုလတောင်တော်စေတီတွင် ဒူးရင်းသီး စတုဒိသာအလှူနှင့် သစ်ပင်စိုက်ပွဲတော်ကို မေလ၂၅ရက်တွင် ကျင်းပသွားမည်
09/05/24
ရန်ကုန် မေ ၈
နေ့စဉ်ဘုရားဖူးဧည့်သည် (၁၀၀၀)ဝန်းကျင်ရှိသော ပြင်ဦးလွင်မြိုနယ်၊ ဝက်ဝံကျေးရွာအုပ်စု၊ ပိတ်ချင်းမြောင်အနီးတွင် တည်ရှိသော တောင်ပုလတောင်တော်စေတီတွင် ဒူးရင်းသီးစတုဒိသာအလှူနှင့် သစ်ပင်စိုက်ပွဲတော်ကို မေ၂၅ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း အရှင်ပညာဘောဂ(တောင်ပုလ)က မိန့်ကြားသည်။