Latest News
နောက်ဆုံးရသတင်းများ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့မှ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး ပူးပေါင်းဆောင်ရွက်
22/02/24
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပုဇွန်ဆိပ်ကျေးရွာ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့မှ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခြင်းနှင့် ပျက်စီးနေသော လူနေအိမ်များအတွက် သက်ကယ်၊ ဝါး၊ ထရံ၊ မျောတိုင်များ ထောက်ပံ့ပေးခြင်းကို ဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ရခိုင်ပြည်နယ်အတွက် လူသုံးကုန်နှင့် တည်ဆောက်ရေးပစ္စည်းများ ရောက်ရှိလာမှု ပြည်နယ်ဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး
22/02/24
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်းက သူနာပြုနှင့် သားဖွားဒီပလိုမာ (၃)နှစ်သင်တန်း ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံပြီး စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းတွင် ရန်ကုန်မြို့မှ လူသုံးကုန်ပစ္စည်းနှင့် တည်ဆောက်ရေးပစ္စည်းများ ရောက်ရှိလာမှုကို ကြည့်ရှုစစ်ဆေးသည်။
ပင်လုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမသစ် ဖွင့်ပွဲကျင်းပ
22/02/24
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ပင်လုံတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းဆောင်သစ် ဖွင့်ပွဲကို ဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်းက အဆိုပါ ခန်းမရှေ့၌ကျင်းပရာ လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးချုပ်သန်းထွန်းအောင် တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အဖွင့်အမှာစကားပြောကြားသည်။
မင်းဘူးခရိုင်ပြည်သူ့ဆေးရုံကြီး၌ သုံးမြွာပူး သားယောကျာ်းလေး အောင်မြင်စွာ မွေးဖွား
22/02/24
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံကြီး၌ ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းက မိခင်တစ်ဦးမှ သားယောကျ်ားလေး သုံးမြွာပူးအား အောင်မြင်စွာ ခွဲစိတ်မွေးဖွားနိုင်ခဲ့ပြီး မိခင်ရော ကလေးများပါ ကျန်းမာလျက်ရှိကြောင်း အဆိုပါ ဆေးရုံကြီးမှ သိရသည်။
(၂၄)နှစ်မြောက် ထားဝယ်တက္ကသိုလ် တည်ထောင်ခြင်းနှစ်ပတ်လည် သုတေသနစာတမ်းဖတ်ပွဲ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်
22/02/24
၂၀၂၃-၂၀၂၄ ပညာသင်နှစ် (၂၄)နှစ်မြောက် ထားဝယ်တက္ကသိုလ် တည်ထောင်ခြင်း နှစ်ပတ်လည် သုတေသနစာတမ်းဖတ်ပွဲကို ဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ဦးစွာ ကျောင်းသား ကျောင်းသူများက ပညာရိပ်မြုံထားဝယ်တက္ကသိုလ်သီချင်းဖြင့် သီဆိုဖျော်ဖြေသည်။
ကချင်ပြည်နယ်တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်
22/02/24
မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ ကချင်ပြည်နယ်တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။