၅ ဇွန်

လစ်ဗျားနိုင်ငံ၏ အနောက်ဘက်ကမ်းလွန် တွင် အစောပိုင်နေ့ရက်က တရားမဝင် ရွေ့ပြောင်းနေထိုင်သူ ၄၅ ဦးကို ကယ်တင်ခဲ့ကြကြောင်း လစ်ဗျားရေတပ် က  ယမန်နေ့မှာ ထုတ်ပြန်ကြေညာခဲ့သည်။

ထရီပိုလီ ကမ်းလွန် ၁၀၅ ကီလိုမီတာ အကွာခန့်တွင် ၎င်းကယ်ဆယ်ရေးလုပ်ငန်းကို လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်ကြောင်း ယမန်နေ့နှောင်းပိုင်းမှာ လစ်ဗျားရေတပ် က ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ထိုကယ်တင်ခဲ့သည့် ရွေ့ပြောင်းနေထိုင်သူများကို လူသားချင်းစာနာထောက်ထားမှုနှင့်  ဆေးဝါးကုသမှု အထောက်အပံ့ စီစဉ်ပေးခဲ့သည်ဟု ယင်းကြေညာချက်တွင် ထပ်လောင်းဖော်ပြထားသည်။

လစ်ဗျားရေတပ်က ပြီးခဲ့သည့် သီတင်းပတ်အတွင်း အမျိုးသမီးနှင့် ကလေးများ အပါအဝင် တရားမဝင်နေထိုင်သူ စုစုပေါင်း ၄၂၄ ဦးကို ကယ်ဆယ်ရေးများ လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

တရားမဝင် ရွေ့ပြောင်းနေထိုင်သူများသည် ၎င်းတို့၏ နိုင်ငံများတွင် ကြုံတွေ့နေရသည့် အလွန်အမင်း ဆင်းရဲနွမ်းပါးခြင်းနှင့် လက်နက်ကိုင် ပဋိပက္ခများမှ လွတ်မြောက်ရန်အတွက် ဥရောပနိုင်ငံများသို့ ထွက်ခွာရာတွင် လစ်ဗျားနိုင်ငံသည် ထွက်ပေါက်တစ်ခု ဖြစ်နေသည်။

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို