၁၃ ဖေဖော်ဝါရီ

အစိုးရတပ်ဖွဲ့ က ဒါနာမြို့လယ်တွင် ပုန်းအောင်းနေသောအကြမ်းဖက်သမားများကို တိုက်ခိုက်နေသည့် ၎င်းမြို့အရှေ့ဘက်ပိုင်းတွင်အမည်မသိ ရုပ်အလောင်း ၃၅ လောင်းကို ယမန်နေ့ကတွေ့ရှိခဲ့ကြောင်း  လခြမ်းနီ အဖွဲ့က ပြောကြားခဲ့သည်။

အဆိုပါ ရုပ်အလောင်းများကို လခြမ်းနီအဖွဲ့က အာဏာပိုင်များထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း  ထပ်လောင်းပြောကြားခဲ့သည်။

ဒါနာမြို့တွင် ယခုလအထိ  အမည်မသိ ရုပ်အလောင်း စုစုပေါင်း ၅၅ လောင်း တွေ့ရှိခဲ့ကြောင်း၊ စစ်တပ်က သုံးနှစ်ခန့် ဝိုင်းပြီး တိုက်ခိုက်ခဲ့ပြီးနောက် ၂၀၁၈ခုနှစ် ဇွန်လတွင် လွှဲပြောင်းယူခဲ့သည့် ဒါနာမြို့လယ်ပိုင်းရှိ အကြမ်းဖက်သမားအကြွင်းအကျန်များကို  ဗိုလ်ချုပ်ကြီး ကာလီဖာ ဟဖ်တာ ဦးဆောင်သည့် အစိုးရ တပ်ဖွဲ့က ဆက်လက်တိုက်ခိုက်ခဲ့သည်ဟု  သိရသည်။

ကိုးကား ဆင်ဟွာ
ဘာသာပြန် မြင့်မြင့်ချို