၂၀ သြဂုတ်

 

လစ်ဗျားနိုင်ငံ မြို့တော် ထရီပိုလစ်မြို့ရဲ့ ပင်လယ်ဘက် မျက်နှာမူတဲ့ နေရာမှာ နေထိုင်ကြသူတွေဟာ ကျယ်လောင်တဲ့ ပေါက်ကွဲသံကြောင့် အိပ်ရေးပျက်ရတာမနည်းတော့ဘူးလို့ဆိုနိုင်ပါတယ်။ တံငါသည်တွေက ရေသတ္တဝါတွေရဲ့ ဂေဟစနစ်ကို ပျက်စီးစေတဲ့ နည်းလမ်းဖြစ်တဲ့ ငါးဖမ်းရာမှာ ဒိုင်းနမိုက်သုံးပြီး ငါးဖမ်းလာတာမျိုး လုပ်လာပါတယ်။ 

 

၂၀၁၁ ခုနှစ်ကဖြစ်ခဲ့ လစ်ဗျားပြည်တွင်းစစ်အပြီးမှာ လက်နက်တွေနဲ့ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ချန်ထားခဲ့တဲ့ အချိန်ကနေ ဒိုင်းနမိုက်သုံးငါးဖမ်းခြင်း သို့မဟုတ် ဖောက်ခွဲငါးဖမ်းခြင်း နည်းလမ်းကို စတင်အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ 

 

 

မြေထဲပင်လယ်ကမ်းခြေနိုင်ငံမှာ ရေနံကို ထိန်းချုပ်ချင်တဲ့ အဖွဲ့အစည်းနှစ်ခုရဲ့ အားပြိုင်မှုအောက်မှာ ရေသတ္တဝါနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဟာ အာဏာပိုင်တွေအတွက် အဓိက ဦးစားပေးမဟုတ်တော့ဘူးလို့ ပညာရှင်တွေက ဝေဖန်ထောက်ပြထားပါတယ်။ 

 

ဒိုင်းနမိုက်သုံးပြီး ငါးဖမ်းခြင်း နဲ့ ပေါက်ကွဲပစ္စည်းတွေ အသုံးပြုခြင်းဟာ ခွင့်ပြုမိန့်မပါရင် တရားဥပဒေကို ချိုးဖောက်ရာရောက်ပါတယ်။ ဒါပေမယ့် ဒိုင်းနမိုက်သုံးတဲ့ တံငါသည်တွေကတော့ အဲဒီနေရာမှာ ကျင်လည် ကျက်စားနေတာကို တွေ့ရပါတယ်။ 

 

အွန်လိုင်းပေါ်မှာ ပျံ့နေတဲ့ ဒိုင်းနမိုက်သုံးပြီး ငါးဖမ်းတဲ့ ဗီဒီယိုထဲမှာ ရေတွေက အမြင့်ဆုံးကို ဖြာထွက် ပေါက်ကွဲပြီး ရာချီတဲ့ ငါးအသေတွေ နဲ့ မှိန်းမောနေတဲ့ ငါးတွေ က ရေမျက်နှာပြင်ပေါ်မှာ ပေါလောပေါ်ပြီးကျန်ခဲ့ပါတယ်။ 

 

 

အိမ်လုပ် ပေါက်ခွဲရေးပစ္စည်းရေးတွေကို သုံးပြီး ငါးဖမ်းခြင်းကို ငါးဖမ်းသမားတွေ၊ ငါးစိမ်းသည်တွေ နဲ့ ရေသတ္တဝါလေ့လာတဲ့ပညာရှင် အပြင် ဘာသာရေးခေါင်းဆောင်တွေကပါ ကန့်ကွက်နေတာကို တွေ့ရပါတယ်။ 

 

ငါးစိမ်းတစ်ယောက်ကဆိုရင် ငါးတွေကို ဒိုင်းနမိုက်သုံးပြီး ဖမ်းဆီးတာကြောင့် ငါးအရေခွံမှာ တောင် ဓါတုပစ္စည်းတွေ ထိတွေ့နိုင်တဲ့အတွက် စားသုံးသူတွေကို ကျန်းမာရေးဆိုးရွားစေတယ်လို့ ဆိုပါတယ်။ 

အသက် ၇၂ နှစ်အရွယ် တံငါသည်အိုကြီး အယ်ဘဟလီက “ ငါးဖမ်းသမား၊တံငါသည်ကောင်းတွေ က ရိုးရာအတိုင်း တစ်ညလုံးငါးဖမ်းထွက်လေ့ ပြီး ကုန်စည်စီးဆင်းမှုကို လေးစားကြတယ်။ ဒီလိုငါးဖမ်းတဲ့အလုပ် လုပ်ကိုင်သူအများစုဟာ အီဂျစ်နိုင်ငံသားတွေနဲ့ တူနီးရှားနိုင်ငံသားတွေများတယ်။ ဒီလူတွေက နိုင်ငံကနေ ထွက်ပြေးနေရာတော့ လစ်ဗျားနိုင်ငံသားအနည်းစုက ဒီလုပ်တွေကို စိတ်ဝင်စားမှုမရှိဘဲ ဝင်လုပ်နေရတယ်” လို့ AFP ကိုပြောပါတယ်။ 

 

MDN
ကိုးကား- AFP