ဇန်နဝါရီ ၁၉

 

လစ်ဗျားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ် အပိုဆောင်းထိုးနှံမှုခံယူပြီးသူ ၄၁၆၆ ဦးရှိလာသည်ဟု လစ်ဗျားရောဂါထိန်းချုပ်ရေးအမျိုးသားဌာနက ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူ ၁၉၇၄၅၃၇ ဦးရှိပြီး ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသူဦဂရေ ၉၄၅၀၀၀ ကျော်ရှိကြောင်း ထိုဌာနက ပြောသည်။

 

ယခုသီတင်းပတ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၀၇၂ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ထပ်မံသေဆုံးသူ ၅၇ ဦးရှိသည်ဟု ထိုဌာနကဆိုသည်။

 

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၃၉၈၉၄၀ ရှိပြီး သေဆုံးသူပေါင်း ၅၈၆၃ ဦးရှိသည်။

 

ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၃၈၅၆၉၃ ဦးရှိသည်ဟု ထိုဌာန၏ပြောကြားချက်အရ သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို