စက်တင်ဘာ ၂၅
လစ်ဗျားနိုင်ငံအရှေ့ပိုင်းတွင် ရေကြီးရေလျှံမှုဖြစ်ပွားသဖြင့် ပါလက်စတိုင်း ၆၄ ဦး ထက်မနည်းသေဆုံးခဲ့ပြီး အခြား ၁၀ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ပါလက်စတိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့ကပြောကြားသည်။
ထိုဝန်ကြီးဌာန၏ နိုင်ငံရေးအကြံပေးတစ်ဦးဖြစ်သူ အာမက်အယ်လ်ဒက်က လစ်ဗျားနိုင်ငံရှိ ရေဘေးသင့်ဒေသများတွင် ထိခိုက်ပျက်စီးမှုအခြေအနေများနှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်ချရန်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အာမက်အယ်လ်ဒက်က အဆိုပါရေကြီးရေလျှံမှုတွင် ပျောက်ဆုံးနေသူများအား အသက်ရှင်လျက်တွေ့ရှိရန်မျှော်လင့်ကြောင်း ပြောကြားကာ သေဆုံးသူများ၏ မိသားစုနှင့်ဆွေမျိုးများအား ဝမ်းနည်းစကား လေးလေးနက်နက်ပြောကြားခဲ့သည်။
ပြင်းထန်သော မြေထဲပင်လယ်မုန်တိုင်း ဒန်နီရယ်သည် စက်တင်ဘာလ ၁၀ ရက်နေ့က လစ်ဗျားနိုင်ငံအရှေ့ပိုင်းသို့ ဝင်ရောက်တိုက်ခတ်ခဲ့ရာ လစ်ဗျားနိုင်ငံတွင် ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံးသောရေလွှမ်းမိုးမှုဖြစ်ပေါ်ကာ လူထောင်ပေါင်းများစွာ အသက်ဆုံးရှုံးပြီး ဒေသတွင်း အခြေခံအဆောက်အအုံများ ပျက်စီးမှုများပြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို