ထရီပိုလီ နိုဝင်ဘာ ၂၁
လစ်ဗျားနိုင်ငံ၏နေ့စဉ်ရေနံထုတ်လုပ်မှုသည် စည်ပေါင်း ၁ ဒသမ ၂၄ သန်းအထိ ရောက်ရှိခဲ့ကြောင်း လစ်ဗျားနိုင်ငံပိုင် အမျိုးသားရေနံကော်ပိုရေးရှင်း(NOC)၏ ပြောကြားချက်ကို ကိုးကား၍ ယနေ့ ဆင်ဟွာသတင်းတစ်ရပ်အရ သိရသည်။
လစ်ဗျားနိုင်ငံ၏ ရေနံစိမ်းထုတ်လုပ်မှုသည် တစ်ရက်လျှင် စည်ပေါင်း ၁၂၄၀၀၀၀ သို့ရောက်ရှိပြီး လွန်ခဲ့သည့် ၂၄ နာရီအတွင်း တစ်ရက်လျှင် စည်ပေါင်း ၅၀၀၀၀ သို့ ရောက်ရှိခဲ့ကြောင်း အမျိုးသားရေနံ ကော်ပိုရေး၏ ရှင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လစ်ဗျားနိုင်ငံသည် အောက်တိုဘာလအတွင်းက ရေနံစိမ်းစည်ပေါင်း ၃ ဒသမ ၆ သန်းကျော် ထုတ်လုပ် ခဲ့ကြောင်း သိရသည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့သည် လစ်ဗျားနိုင်ငံ ဝင်ငွေ၏ အဓိကအရင်းအမြစ် ဖြစ်သည်။ သို့သော်လည်း အဆိုပါကဏ္ဍသည် လွန်ခဲ့သည့်နှစ်များအတွင်း လက်နက် ကိုင်ပဋိပက္ခများ၊ ရေနံမြေများနှင့် ဆိပ်ကမ်း များကို ပိတ်ပစ်ခြင်းများကြောင့် ဝင်ငွေလျော့ကျမှုများရှိခဲ့ကြောင်း သိရသည်။
လစ်ဗျားနိုင်ငံသည် ရေနံထုတ်လုပ်မှုအားဖြင့် တစ်ရက်လျှင် စည်ပေါင်း ၂ ဒသမ ၁ သန်း တိုးမြှင့် ထုတ်လုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်