နိုဝင်ဘာ

ကုလသမဂ္ဂကျောထောက်နောက်ခံပြုထားသည့် လစ်ဗျားအစိုးရ၏ အစိုးရပိုင် အမျိုးသားရေနံကော်ပိုရေးရှင်း (NOC)က လစ်ဗျားနိုင်ငံ၏ နေ့စဉ်ရေနံထုတ်လုပ်မှုမှာ စည်ပေါင်း တစ်သန်းကျော်ရှိသည်ဟု စနေနေ့က ပြောကြားခဲ့သည်။

တစ်နေ့လျှင် ရေနံစည်ပေါင်း ၁၀၃၆၀၃၅ အထိ ထုတ်လုပ်မှုနှုန်း တိုးမြှင့်နိုင်ခဲ့သည်ဟု အင်န်အိုစီက ထုတ်ပြန်ကြေညာခဲ့သည်။

သို့ရာတွင် လက်ရှိထုတ်လုပ်မှုအဆင့်ကို ထိန်းသိမ်းထားနိုင်မည် မဟုတ်ကြောင်းနှင့် ဤအဆင့်များ လျှော့နည်းနိုင်ကြောင်း၊ အချို့သောအဖွဲ့အစည်းများ၏ ဆန္ဒမရှိမှုကြောင့် လုံးဝရပ်နားနိုင်ပြီး ရေနံထုတ်လုပ်မှု တိုးမြင့်ရေးအတွက် အင်န်အိုစီ၏ ကြိုးပမ်းဆောင်ရွက်မှုများကို နှောင့်နှေးစေသည်ဟု အင်န်အိုစီက ဆိုသည်။

ရေနံမှရရှိသော ဝင်ငွေကို မျှတစွာခွဲဝေပေးရန်တောင်းဆိုထားသော အရှေ့အခြေစိုက်စစ်တပ်သည် ဇန်နဝါရီလမှစတင်ကာ ရေနံထုတ်လုပ်မှုနှင့် တင်ပို့မှုကို ပိတ်ပင်ထားသည်။

အဆိုပါ ရေနံတင်ပို့မှုနှင့် ထုတ်လုပ်မှုသည် လစ်ဗျားနိုင်ငံ၏ အဓိကကျသည့် ဝင်ငွေအရင်းအမြစ် ဖြစ်သည်။

ယင်းသို့ပိတ်ပင်ထားမှုသည် နေ့စဉ်ရေနံစိမ်းထုတ်လုပ်မှုကို ရေနံစည်ပေါင်း ဒသမ သန်းကျော်မှ တစ်သိန်းခန့်အထိ ကျရောက်စေခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို