ထရီပိုလီ    နိုဝင်ဘာ   ၂၉

လစ်ဗျားနိုင်ငံ၏     တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ထိန်းချုပ်ရေးဌာနက နိုဝင်ဘာ ၂၈ ရက်တွင် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၂၄၈ ဦးကို နေရပ်သို့ပြန်ပို့လိုက်ပြီဖြစ်ကြောင်း သိရသည်။

၎င်းတို့ထဲမှ ၁၂၀   ကို လေကြောင်းမှတစ်ဆင့်   နိုင်ဂျာနိုင်ငံသို့ ပြန်ပို့ပေးခဲ့ပြီးကျန် ၁၂၈ ဦး ကို      ကုန်းကြောင်းမှတစ်ဆင့်   ချဒ်နိုင်ငံသို့   ပြန်လည်ပို့ဆောင်ပေးခဲ့သည်။    ပြန်လည်ပို့ဆောင်ခြင်း လုပ်ငန်းများမှာ လူသားဆန်ပြီး သင့်လျော်မှုရှိသည်ဟု ပြည်နှင် ဒဏ်ပေးသည့်ဌာနသို့ လာရောက် စဉ်       အစိုးရအဖွဲ့၏   ဒုတိယဥက္ကဋ္ဌဖြစ်သူ မူဆာ အယ်ကူနီက  ပြောသည်။ 

တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများ    ထိန်းချုပ်ရေးဌာန၏ ကြိုးပမ်းအားထုတ်မှုများကို  အသိ အမှတ်ပြုကြောင်းနှင့်     ရွှေ့ပြောင်းနေထိုင်သူများကို  မပြည့်စုံသည့်ကြားမှ လူသားချင်း စာနာထောက်ထားမှုအပြည့်ဖြင့် အကူအညီပေး နိုင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

အာဖရိကန်အများစုမှာမြေထဲ ပင်လယ်ကိုဖြတ်၍  ဥရောပသို့ သွားရောက်ရန်  လစ်ဗျားကို လမ်းကြောင်းအဖြစ် ရွေးချယ်ကြသည်။ ယခုနှစ်အတွင်း တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၁၅၀၅၇ ဦးကို  ကယ်ဆယ်ခဲ့ပြီး    လစ်ဗျားသို့  ပြန်လည်ပို့ဆောင်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ    ရွှေ့ပြောင်းနေထိုင်မှုအဖွဲ့အစည်းက   ပြောသည်။                         

ဆင်ဟွာ