၃ အောက်တိုဘာ

 

 

လစ်ဗျားရေတပ်က ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်နေ့ထိ ကယ်ဆယ်ခဲ့သည့် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၁၂၃၆၅ ဦးရှိကြောင်းနှင့် ယခုနှစ် ယခုအချိန်ထိ ကယ်ဆယ်ခဲ့သည့် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ  ၇၀၃၆ ဦး ရှိကြောင်းကို လစ်ဗျားရေတပ်က  ယမန်နေ့က ပြောကြားခဲ့သည်။

 

 

စက်တင်ဘာလကုန်ပိုင်းက တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၁၁ ဦး၏ အလောင်းကို လစ်ဗျားကမ်းလွန် ဒေသတွင် တွေ့ရှိခဲ့ရာ ပြီးခဲ့သည့်နှစ်က တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၈၈ ဦး၏ အလောင်းကို တွေ့ရှိခဲ့ကြောင်း ထိုရေတပ်သတင်းပြန်ကြားရေးရုံးက ပြောကြားခဲ့သည်။

 

 

လစ်ဗျားလုံခြုံရေး အဖွဲ့က ဖမ်းဆီးခြင်း သို့မဟုတ် ပင်လယ်ပြင်တွင် ကယ်ဆယ်ခြင်းတို့ကြောင့် ရွှေ့ပြောင်းနေထိုင်သူများ နေထိုင်ရာစခန်းတွင် ရွှေ့ပြောင်းနေထိုင်သူများဖြင့် ပြည့်နှက်နေသည်ဟု သိရသည်။

 

 

ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးနှင့် ရွှေ့ပြောင်းလုပ်သားဆိုင်ရာ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းက ရွှေ့ပြောင်းနေထိုင်သူများ၏ လုံခြုံရေး အခြေအနေ ဆိုးရွားမှုကြောင့် လစ်ဗျားဆိပ်ကမ်းသည် လုံခြုံမှုမရှိသဖြင့် လစ်ဗျားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေး လက်ခံစင်တာများ ပိတ်ထားရန် တောင်းဆိုခဲ့ကြသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို