လန်ဒန် စက်တင်ဘာ ၆

 

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး လစ်ဇ်ထရက်စ်သည် အာဏာရကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်နေရာ ယှဉ်ပြိုင်မှုတွင် အနိုင်ရရှိခဲ့ပြီး ဗြိတိန်ဝန်ကြီးချုပ်သစ်အဖြစ် လက်ရှိဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နေရာတွင် အစားထိုး တာဝန်ထမ်းဆောင်တော့မည် ဖြစ်သည်။

 

ခေါင်းဆောင်နေရာပြိုင်ပွဲတွင် ထရက်စ်သည် ၎င်း၏ပြိုင်ဘက်ဖြစ်သူ ဘဏ္ဍာရေးဝန်ကြီးဟောင်း ရိုင်ရှီဆူနက်ကို ကွန်ဆာဗေးတစ် ပါတီအဖွဲ့ဝင်များ၏ မဲ ၅၇ ဒသမ ၄ ရာခိုင်နှုန်းနီးပါးဖြင့် အနိုင်ရရှိခဲ့ကြောင်း ကွန်ဆာဗေးတစ် ပုဂ္ဂလိကအဖွဲ့ဝင်များ ကော်မတီဟု လူသိများခဲ့သော ၁၉၉၂ ကော်မတီ ဥက္ကဋ္ဌဟောင်း ဂရာဟမ်ဘရက်ဒီက စက်တင်ဘာ ၅ ရက်က ကြေညာခဲ့သည်။

 

ကဲ့ရဲ့ရှုတ်ချဖွယ်ကောင်းသော ခေါင်းဆောင်မှုက ဂျွန်ဆင်ကို ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်စေရန် ဖိအားတစ်ခု ဖြစ်လာပြီး တစ်လအကြာ သြဂုတ်လ အစောပိုင်းက ကွန်ဆာဗေးတစ်ပါတီအဖွဲ့ အဖွဲ့ဝင် ၂၀၀၀၀၀ မဲပေးမှု စတင်ခဲ့သည်။

 

ထရက်စ်နှင့် ဂျွန်ဆင်တို့ ဘုရင်မကြီး အဲလိဇဘတ် ၂ ကို စကော့တလန်ရှိ ဘယ်လ်မိုရယ်အိမ်တော်တွင် တွေ့ဆုံပြီးနောက် ပုံမှန်ရာထူးလွှဲအပ်ပွဲကို စက်တင်ဘာ ၆ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။ ထရက်စ်နှင့် ဂျွန်ဆင် နှစ်ဦးစလုံး အမှတ် ၁၀ ဒေါင်းနင်းလမ်း အိမ်တော်အပြင်ဘက်တွင် မိန့်ခွန်းပြောမည်ဟု ခန့်မှန်းရသည်။

 

အသက် ၄၇ နှစ်ရှိ ထရက်စ်သည် မာဂရက်သက်ချာနှင့် ထရီဆာမေနောက်ပိုင်းတွင် အင်္ဂလန်နိုင်ငံ၏ တတိယမြောက် အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာမည်ဖြစ်သည်။

 

၎င်းသည် လတ်တလောတွင် လူနေမှုစရိတ်စကကြီးမြင့်ခြင်း အကျပ်အတည်းနှင့် မြောက်ပိုင်း အိုင်ယာလန်နှင့် ပတ်သက်ပြီး ဘရက်ဇစ်အရေး စီမံခန့်ခွဲမှုများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

 

ဆင်ဟွာ