လော့စ်အိန်ဂျလိစ် ဇန်နဝါရီ ၁၃
အမေရိကန်နိုင်ငံ လော့စ်အိန် ဂျလိစ်မြို့၌ဖြစ်ပွားသည့် ကြောက်မက်ဖွယ်တောမီးကြောင့် သေဆုံးသူဦးရေမှာ ၂၄ ဦး ရှိလာပြီဟု ကယ်လီဖိုးနီးယား ပြည်နယ် အာဏာပိုင်များကပြောသည်။
ဇန်နဝါရီ ၇ ရက်က လော့စ် အိန်ဂျလိစ်၌ စတင်လောင်ခဲ့သည့် တောမီးကြောင့် အဆောက်အအုံပေါင်း ၁၂၀၀၀ ကျော် ပျက်စီးခဲ့ပြီးဖြစ်သည်။ တောမီးကြောင့် ထိခိုက်ခံစားခဲ့ရသူများအတွက် သက်သာချောင်ချိရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်လုပ်ဆောင် လျက်ရှိသည်။
မြင်းပြိုင်ကွင်း တစ်ခုတွင် ပြုလုပ်ထားသည့် အလှူခံဌာန၌ အဝတ်အစားများ၊ သောက်ရေ သန့်များနှင့် ကလေးအနှီးများဖြင့် ပြည့်နေသည်။ စေတနာ့ဝန်ထမ်းများသည် ဇန်နဝါရီ ၁၂ ရက်တွင် ပစ္စည်းများ ခွဲထုတ်ရန် ကူညီ ဆောင်ရွက်ကြသည်။
အမေရိကန် အမျိုးသား မိုးလေဝသခန့်မှန်းမှုဌာနက ဇန်န ဝါရီ ၁၅ ရက်အထိ လော့စ်အိန် ဂျလိစ်တွင် လေပြင်းများ ထပ်မံ အားကောင်းလာမည်ဟု ခန့်မှန်း ထားသည်။ ဇန်နဝါရီ ၁၄ ရက် နံနက်ပိုင်းမှ ဇန်နဝါရီ ၁၅ ရက် မွန်းလွဲပိုင်းအထိ အန္တရာယ်ရှိသည့် အခြေအနေဟု သတိပေးထားသည်။
ဆင်ဟွာ