လော့စ်အိန်ဂျလိစ် ဩဂုတ် ၃၀

အမေရိကန်အနောက်ပိုင်း ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်တွင် ကိုဗစ်-၁၉ ကူးစက်မှု ပြန်လည်ဖြစ်ပေါ်ခြင်းတို့ကြောင့် အဆောက်အအုံပြင်ပတွင် ပြုလုပ်သည့်ပွဲကြီးများတွင် ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်ရမည်ဟု အမိန့်ထုတ်ထားသည်။

အမေရိကန်ရှိမြို့ကြီးများတွင် အဆောက်အအုံပြင်ပ လူစုလူဝေးပွဲများတွင် ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်ရန် လိုအပ်လာသည်။ လော့အိန်ဂျလိစ်ကောင်တီတွင် အဆောက်အအုံပြင်ပတွင် ပြုလုပ်သည့် လူအနည်းငယ်သာ တက်ရောက်သော ပွဲလေးများတွင်မူ ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်ရန် မလိုအပ်ပေ။

သို့သော်လည်း ဩဂုတ် ၂၇ ရက်တွင် ကဇာတ်ရုံ အတွင်းသို့ ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်ကာ တက်ရောက်ခဲ့ကြသည်။ ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်ခြင်းမှာ သက်သောင့်သက်သာ မရှိသော်လည်း လူ့အသိုင်းအဝိုင်းကို ရောဂါကူးစက်ခံရခြင်း မှအကာအကွယ်ပေးနိုင်သည်ဟု တက်ရောက်လာသူ တစ်ဦးကပြောသည်။

ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်ရန် အမိန့်ကိုမလိုက်နာပါက ဒေါ်လာ ၁၀၀၀ အထိ ဒဏ်ငွေချမှတ်မည်ဟု သိရသည်။

အင်န်အိတ်ချ်ကေ