ရန်ကုန် နိုဝင်ဘာ ၅

 

ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ကြီးကြပ်မှုဖြင့်  ငါးသယံဇာတများ သဘာဝရေပြင်၊ မြစ်၊ ချောင်း၊ အင်းအိုင်၊ ဆည်တမံ၊ ကန်များတွင် ရေရှည်တည်တံစေရေးနှင့် ပြည်သူများ ငါးရိက္ခာများကို ပိုမိုစားသုံးနိုင်ရေးအတွက် လှော်ကါးငါးလုပ်ငန်း စခန်းမှ ၂ လက်မအရွယ် ငါးမြစ်ချင်းသားပေါက်ကောင်ရေ ၆၀၀၀၀၀ အား အောက်တိုဘာ ၄ ရက်နေ့က လှော်ကားရေလှောင်တမံအတွင်းသို့ မျိုးစိုက်ထည့်သွင်းခဲ့သည်။

 

အဆိုပါငါးမျိုးထည့်ခြင်းသို့ ခရိုင်/မြို့နယ်ငါးမျိုးစိုက်ထည့်ခြင်းကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ လှော်ကား ရေလှောင်တမံမှ ဝန်ထမ်းများနှင့် လှော်ကားငါးလုပ်ငန်းစခန်းမှ စခန်းတာဝန်ခံ ဦးရဲထွန်းနိုင်နှင့် ဝန်ထမ်းများ၊ အင်းစိန်မြို့နယ်ငါးလုပ်ငန်းဦးစီးမှူးနှင့် ဝန်ထမ်းများ စုပေါင်း၍ ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။

ငါးလုပ်ငန်းဦးစီးဌာန