ရန်ကုန် ဖေဖော်ဝါရီ ၄

 

လောကချမ်းသာ အဘယ လာဘမုနိရုပ်ပွားတော်မြတ်ကြီး၏ (၂၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဗုဒ္ဓါဘိသေကအနေကဇာတင်မင်္ဂလာနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ မင်းဓမ္မကုန်းတော်ကြီး၌ ကျင်းပသည်။

 

ဆက်ကပ်လှူဒါန်း

ဦးစွာ လောကချမ်းသာ အဘယလာဘမုနိရုပ်ပွားတော် မြတ်ကြီးအား အောင်ဆန်း ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တသဒ္ဓမ္မ ကိတ္တိသာရ အမှူးပြု၍သံဃာတော် အရှင်သူမြတ်များက ဗုဒ္ဓါဘိသေ ကအနေကဇာတင်တော်မူခဲ့ကြပြီး အင်းစိန်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထွန်းဇော်နှင့်အလှူရှင်များက လှူဖွယ်ပစ္စည်းများကို ဆက်ကပ် လှူဒါန်းကြသည်။

 

ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အင်းစိန်မြို့နယ်၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ် နှင့် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်တို့မှ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် အလှူရှင်များက ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများကို လောင်းလှူခဲ့ကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)