လောက်ကိုင်၊ ၂၅ ဒီဇင်ဘာ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့  အမှတ်(၂) ရပ်ကွက်၊ လောက်ကိုင် ဈေးအတွင်း ဒီဇင်ဘာ ၂၅ ရက် နံနက်  ၃ နာရီ အချိန်ခန့်က လျှပ်စစ်မီး ဝါယာရှော့မှတစ်ဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုဖြစ်ပွားရာသို့ ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်ဆန်းထွန်းနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် ၅၀ ခန့်သည် မီးငြိှမ်းသတ်ယာဉ် (၃)စီး၊ မီးသတ်စက် (၂)စီး၊ မီးသတ် ရေသယ်ယာဉ်(၁)စီး၊ အရန်မီးငြိှမ်းသတ်ယာဉ် (၅)စီး၊ စုစုပေါင်း (၁၁) စီးဖြင့် မီးငြိှမ်းသတ်ခဲ့ရာ နံနက် ၃ နာရီခွဲ အချိန်ခန့်တွင် မီးငြိှမ်းသတ်နိုင်ခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် လောက်ကိုင်မြို့ ဈေးအတွင်း သစ်သီးမျိုးစုံရောင်းချသူ ဦးလျိုရင်ဖျင်နှင့် ပန်ကန်နှင့် ကုန်မျိုးစုံရောင်းချသူ ဒေါ်ရှောက်စန်း တို့၏ ဆိုင်ခန်းများ မီးလောင်ပျက်စီးဆုံးရှုံးသွားကြောင်း သိရသည်။

 

မီးလောင်မှုနှင့်ပတ်သက်၍ ဆိုင်ခန်းပိုင်ရှင် ဦးလျိုရင်ဖျင်အား လောက်ကိုင်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

ဇော်ဇော်အောင် (ပြန်/ဆက်)