လောက်ကိုင် ၁၇ ဇွန်
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ် လုံထန်ကျေးရွာ ကွင်းပြင်ပ စွန့်လွှတ် မြေ ၁၈.၁၈ ဧကအား မူလတောင်သူထံ ယာယီလုပ်ပိုင်ခွင့် လက်မှတ် ပုံစံ(၃) ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အခမ်းအနားတွင် ခရိုင်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စီစစ်ရေး ကော်မတီ ဉက္ကဌ ၊ ဒေသဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးထွန်းကျော်ကျော် က ကွင်းပြင်ပ စွန့်လွှတ် မြေ (၁၈.၁၈) ဧကအား မူလတောင်သူထံ ယာယီလုပ်ပိုင်ခွင့် လက်မှတ် ပုံစံ(၃) ပေးအပ်ခြင်း နှင့်ပက်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ခရိုင်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည် စီစစ်ရေး ကော်မတီ ဉက္ကဌ ၊ ဒေသဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးထွန်းကျော်ကျော် က ယာယီလုပ်ပိုင်ခွင့် လက်မှတ် ပုံစံ(၃) အား မူလတောင်သူ ဦးကျန်တဲဝမ် ထံ ပေးအပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဆွေ၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ရွှေ ၊ ခရိုင်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည် စီစစ်ရေး ကော်မတီ ဉက္ကဌ ဦးထွန်းကျော်ကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေး ကော်မတီဉက္ကဌ ဦးငွေဒိုးနှင့်အဖွဲ့ဝင်များ၊ ဒေသခံရပ်မိရပ်ဖများနှင့် မူလမြေပိုင်ရှင်တို့ တက်ရောက်ခဲ့ကြောင်းသိရသည်။
ဇော်ဇော်အောင်(ပြန်/ဆက်)


