နေပြည်တော် ၃၀ ဇူလိုင် 

 

ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့နယ်၊ ရန်လုံကျိုင်း-လောက်ကိုင်ကားလမ်း “တောင်ညီနောင်” စစ်ဆေးရေးဂိတ်အနီး၌ ဇူလိုင် ၂၉ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ်က တောင်ပြိုကျမှုကြောင့် မော်တော်ယာဉ် ၃ စီးပျက်စီးပြီး အမျိုးသား ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

 

အခင်းဖြစ်နေရာ၌ တောင်ပြိုကျမှုကြောင့် ၂၀ x ၁၉ ပေခန့်ရှိ ကျောက်တုံးတစ်တုံး လမ်းပေါ်သို့ ပြုတ်ကျခဲ့ပြီး အဆိုပါလမ်းအတိုင်း လောက်ကိုင်မြို့ဘက်မှ ရန်လုံကျိုင်းကျေးရွာဘက်သို့ သွားလာနေသည့် ရန်လုံကျိုင်းကျေးရွာနေ လီချင်းရန်(ခ)လီဖျင်အန်း (၂၆)နှစ် မောင်းနှင်သော KK/xxxx Vigo Hilux ယာဉ်နှင့် ဆူဟိုင်းရင် (၂၈)နှစ် မောင်းနှင်သော KF/xxxxx Howo ယာဉ်အပြင် ဝူးကျင်းရောင် (၃၀)နှစ် မောင်းနှင်သော KKA/xxxx(LKS) ယာဉ်တို့အား ထိမှန်ခဲ့သဖြင့် ၎င်းယာဉ် ၃ စီးမှာ ပျက်စီးခဲ့ပြီး လီချင်းရန်(ခ)လီဖျင်အန်းနှင့် ဆူဟိုင်းရင်တို့တွင် ဒဏ်ရာများရရှိခဲ့ကြောင်း၊ အဆိုပါနေရာသို့ ရန်လုံကျိုင်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့မှ သွားရောက်ရှင်းလင်း ဆောင်ရွက်ပေးခဲ့ပြီး ယာဉ်များပုံမှန်အတိုင်း သွားလာလျက်ရှိကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား