လောက်ကိုင် ၂၈ ဇူလိုင်            

 

ရှမ်းပြည်နယ် မြောက်ပိုင်း  ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ် အမှတ်(၁)ရပ်ကွက်၊ ဂေါက်ကွင်းဟောင်း ဧရိယာ အစပ်၌ ဇူလိုင်လ ၁၆ ရက် က  မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့သည့် အိမ်ထောင်စုများသို့ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

 

ထိုသို့ထောက်ပံ့ပေးရာတွင် ဇူလိုင်လ   ၂၃   ရက်က မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက  မြေပြိုမှုဖြစ်ပွားခဲ့သည့် အိမ်တစ်အိမ်အတွက် ကျပ်တစ်သိန်း၊  မြေပြိုမှုဖြစ်ပွားခဲ့သည့် လူဦးရေ ၄၃ ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၂)မျိုး၊ ဆန်ရိက္ခာအတွက် ကျပ် ၉၀၃၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ထို့နောက် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ဦးစီးအဖွဲ့က ဇူလိုင်  ၂၆ ရက်နေ့တွင် မြေပြိုမှုဖြစ်ပွားခဲ့သည့် ပြောင်းရွှေ့အိမ်ထောင်စု(၁၁)စု၊ လူဦးရေ  ၄၃ ဦးအတွက် တစ်ဦးလျှင် ဆန် ၄ ပြည်နှုန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဇော်ဇော်အောင်(ပြန်/ဆက်)