ထားဝယ်      ၁၇  မေ

 

တနင်္သာရီတိုင်းဒေသကြီး၊ ငါးလုပ်ငန်း ဦးစီးဌာနက ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်နေစဉ်ကာလအတွင်း ဒီရေ ရောက်တော ရေသယံဇာတတိုးပွားစေရန် ရည်ရွယ်၍ယနေ့နံနက် ၈ နာရီ က ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာ၊ဒီရေတောအတွင်း ရေငန်ပုစွန်ကျား သားပေါက်များ မျိုးစိုက်ထည့်ပေးခဲ့သည်။

 

442

 

ထို့နောက် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသံချောင်းက ရေငန်ပုစွန်ကျား သားပေါက်များ မျိုးစိုက်ထည့်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက ရေငန် ပုစွန်းကျား သားပေါက်များ ပေးအပ်ခဲ့သည်။

 

ဆက်လက်၍ တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၊ညွှန်ကြားရေးမှူးဦးသံချောင်းနှင့် ဝန်ထမ်းများ၊ ဒေသခံ ရေလုပ်သားများတို့က လှေများဖြင့် ကျောက်နီမော်ကျေးရွာ ဒီရေတောအတွင်း ရေငန်ပုစွန် ကျားကောင်ရေ (၆၀) နှင့် ပုစွန်ကျားသားပေါက် ကောင်ရေ(၁၇)သိန်းကျော်ခန့်အား မျိုး စိုက်ထည့်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

ထားဝယ်ခရိုင်ပြန်/ဆက်