ထားဝယ် ၁၃ သြဂုတ်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာ ၊ အခြေခံပညာအလယ်တန်း ကျောင်းခွဲတွင် ယနေ့နံနက် ၉ နာရီခန့်က ကျောင်းသား/ကျောင်းသူများအား အားဆေးတိုက်ကျွေးရာမှ အဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
အခြေခံပညာအလယ်တန်းကျောင်းခွဲရှိ ကျောင်းသား/ကျောင်းသူ(၃၀ဝ)ဦးအား အားဆေးတိုက်ကျွေးရာမှ ကျောင်းသား/ကျောင်းသူ ၁၁၁ ဦးသည် ခေါင်းမူး၊ ဗိုက်အောင့်၊ အန်ခြင်းများ ဖြစ်ပေါ်လျက်ရှိပြီး အဆိပ်သင့်မှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။
အဆိုပါ အဆိပ်သင့်မှုဖြစ်ပွားခဲ့သော ကျောင်းသား/ကျောင်းသူများအား ဇမ္ဗူသီရိအရေးပေါ်ကယ်ဆယ်ရေး အဖွဲ့က လောင်းလုံးပြည်သူ့ဆေးရုံသို့ပို့ဆောင်၍ ဆေးကုသမှုခံယူလျက်ရှိကြောင်း ထားဝယ်ခရိုင်ပြန်/ဆက် မှ သိရသည်။
MDN


