ထားဝယ် ၁၅ သြဂုတ်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ဒေသအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း(ထားဝယ်) မှ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ သဘာဝဘေးသင့် အိမ်ထောင်စုများအား သြဂုတ် ၁၄ ရက်နေ့က ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ထို့နောက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း(ထားဝယ်)တာဝန်ခံ ဒေါ်စုလှိုင်ထွေး နှင့် အဖွဲ့များက လောင်းလုံးမြို့နယ်၊ အောက်ကျောက်ဝပ်ကျေးရွာရှိ အိမ်ထောင်စု (၉၆)စုအတွက် (၁၀)ပြည်ဝင်ဆန်အိတ် ၂၂ အိတ်၊ တစ်လီတာ ရေဘူး ၂၆၄ ဘူး၊ မားမားခေါက်ဆွဲထုပ် ၈ ဖာ ၂ တွဲ၊ အမျိုးသမီးလစဉ်သုံးပစ္စည်း ၂၀ ထုတ်၊ ကြက်လွှတ်ကျေးရွာရှိ အိမ်ထောင်စု ၂၅ စု နှင့် ဘုန်းတော်ကြီးကျောင်းအတွက် ဆန်အိတ် ၁၈ အိတ်၊ ရေဘူး ၁၄၄ ဘူး၊ ခေါက်ဆွဲထုပ် ၁၅၀ ထုပ်၊ အမျိုးသမီးလစဉ်သုံးပစ္စည်း ၆ ထုတ်၊ ကျောက်မတ္တပ်ကျေးရွာရှိ အိမ်ထောင်စု ၁၅ စု အတွက် ဆန်အိတ် ၈ အိတ်၊ ရေဘူး ၉၆ ဘူး၊ခေါက်ဆွဲထုပ် ၇၅ ထုပ်၊ အမျိုးသမီးလစဉ်သုံးပစ္စည်း ၂၅ ထုတ်၊ မြင်းခွာအော်ကျေးရွာရှိ အိမ်ထောင်စု ၅ စု အတွက် ဆန်အိတ် ၅ အိတ်၊ ရေဘူး ၄၈ ဘူး၊ ခေါက်ဆွဲထုပ် ၂၅ ထုပ်၊ အမျိုးသမီးလစဉ်သုံးပစ္စည်း ၈ ထုတ်၊ ညောပြင်ကျေးရွာရှိ အိမ်ထောင်စု ၂ စု အတွက် ဆန်အိတ် ၂ အိတ်၊ ရေဘူး ၁၂ ဘူး၊ ခေါက်ဆွဲထုပ် ၃၀ ထုပ် စသည် ထောက်ပံ့ပစ္စည်းများ ပေးအပ်များပေးအပ်ရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံယူသည်။
အဆိုပါ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း(ထားဝယ်)မှ စုစုပေါင်း(၁၀)ပြည်ဝင်ဆန်အိတ် ၅၅ အိတ် (၁)အိတ်လျှင် ၈၀ဝ၀ နှုန်း ၄၄၀ဝ၀ဝ ကျပ်၊ တစ်လီတာ ရေဘူး ၅၆၄ ဘူး(၁)ဘူးလျှင် ၁၆၅ နှုန်း ၉၃၀၆၀ ကျပ်၊ မားမားခေါက်ဆွဲထုပ် ၅၃၀ ထုပ် (၁)ထုတ်လျှင် ၁၅၅ နှုန်း ၈၂၁၅၀ ကျပ်၊ အမျိုးသမီးလစဉ်သုံးပစ္စည်း ၅၉ ထုတ် (၁)ထုတ်လျှင် ၄၃၀ နှုန်း ၂၅၃၇၀ ကျပ် စုစုပေါင်း ၆၄၀၅၈၀ လှူဒါန်းခဲ့ကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။
MDN


